ကာတာလေကြောင်းလိုင်းက ဆော်ဒီ ခရီးစဉ်အားလုံးကို ရပ်ဆိုင်း

Reuters
၆၊ ဇွန်၊ ၂၀၁၇

ကာတာလေကြောင်းလိုင်းက ဆော်ဒီအာရေဗျနိုင်ငံသို့သွားရောက်မည့် ခရီးစဉ်အားလုံးကို ရပ်ဆိုင်းကြောင်း ၎င်း၏ တရားဝင်ဝက်ဘ်ဆိုက်မှ ထုတ်ပြန်ကြေညာလိုက်သည်။

ဘာရိန်း၊ အီဂျစ်၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံတို့သည် ကာတာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း အဆိုပါနိုင်ငံများမှ နိုင်ငံပိုင် သတင်းအေဂျင်စီများက ယမန်နေ့တွင် ကြေညာလိုက်ပြီးနောက်ပိုင်း ယခုကဲ့သို့ ကာတာလေကြောင်းလိုင်းက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကာတာနိုင်ငံသည် အကြမ်းဖက်အုပ်စုများကို အထောက်အပံ့ပြုနေပြီး ဒေသတွင်းလုံခြုံရေးကို ပျက်ပြားစေရန် လုပ်ဆောင်နေကြောင်း အဆိုပါ လေးနိုင်ငံက စွပ်စွဲပြောဆိုထားသည်။

https://goo.gl/1mub1Y

ယနေ့သတင်းများ
+959255881183       
shwemyanmarvas       
shweMyanmarVAS       
HotLine: 012305273 OR 106